
အားလုံးမင်္ဂလာပါနော် ကျွန်တော်ဒီနေ့ photoshop ဝါဒနာညီငယ်များ ကိုကြီးများအတွက် အသုံးဝင်စေမယ့် photo ဖြတ်နည်းနောက်ခံပြောင်းနည်းလေးရေးပေးလိုက်ပါတယ် ကျွန်တော်သိထားသလောက်လေး နဲ့ မသိသေးတဲ့ ညီငယ် ကိုကြီး ဘော်ဘော်တွေအတွက် အသုံးဝင်ရင်ဘဲဝမ်းသာပါတယ် သိထားတက်ထားတဲ့ဘော်ဘော်တွေကတော့ကျော်သွားနိုင်ပါတယ် ကျွန်တော်သည်ဆရာကြီးမဟုပ်ပါကြိုပြောလိုက်ပါရစေနော် သိသလောက်တက်သလောက် မျှဝေနေသူပါ မှားတာလေးများရှိရင်လဲ ခွင့်လွက်စေချင်ပါတယ် ကဲ စကားတွေပြောနေလို့ပြီးမှာမဟုပ်လို့ သင်ခန်းစာလေးစလိုက်ရအောင်နော် ။
ပထမ အနေနဲ့ နောက်ခံပုံနဲ့ ကိုယ်ဖြတ်မယ့်ပုံများကို file>open သွားပြီး ကိုယ်သိမ်းထားတဲ့နေရာသွားပြီးဆွဲထည့်လိုက်ပါ အောက်က ပုံကြည့်ပါ (၁)မျှားမှာက ဖြတ်မယ့် tool တစ်ခုပါ (၂)မျှားမှာပြထားတာက နောက်ခံပုံ ဘားပါ(၃)မျှားကတော့မြင်နေရတဲ့ ဖြတ်မယ့်ပုံပါ ok ဖြတ်ဖို့ ပထမဦးဆုံး (၁)မျှားကိုက tool ကိုကလစ်ပါ ပြီးရင်ပုံကိုထောက်ပြီး စလက်လိုက်ပေးပါ စလက်လုပ်တဲ့ tool လေးကသေးနေရင် ကီးဘုက်ပေါ်မှ ( ] ) လေးနိုပ်ပြီးကြီးနိုင်ပါတယ် ထိုနည်းတူ အဝိုင်းလေးကြီးချင်ရင်တော့ ( [ ) လေးနိုပ်ပေးရမှာပါ နေတစ်ခုက tool မှာ ( +) နဲ့ (-) လေးကို အပေါ်ဘားမှာတွေ့နေရမှာပါ ( +) က ကိုယ်လိုချင်တဲ့ ဧရိယာကိုစလက်လိုက်ပေးရတာပါ များသွားရင်တော့ (-) လေးနဲ့ များသွားတဲ့ ဧရိယာ ကိုစလက်ပြန်လိုက်လုပ်ပေးရတာပါ ဒါကို ကျွန်တော်တို့က အပေါ်ဘားမှာ မောက်နဲ့ ထောက်မပြောင်းဘဲ ကီးဘုက်နိုပ်ပြီးပြောင်းပါ့မယ် (+) နဲ့ စလက်လိုက်ပေးနေလို့များသွားရင် ကီးဘုက်ပေါ်မှ (Alt)လေးနိုက်ထားလိုက်ရင် (- )လေးပေါ်နေမှာပါ ပြန်လွက်လိုက်ရင်တော့(+) ပေါ့ နားလည်အောင်အလွယ်ရှင်းပြတာပါ ကဲ ဒုတိယပုံလေးလို စလပ်လိုက်ပေးပါ ကိုယ်ယူမယ့် ဧရိယာလောက်ပေါ့


(၂)အားလုံးကိုယ်လိုချင်သလောက် ရပြီဆိုရင် မျှားပြထားတဲ့ Refine Edge လေးနိုပ်ပေးလိုက်ပါ ဒါဆို ဒုတိယပုံတိုင်းဘောက်တစ်ခုတက်လာမှာပါ (၁)မျှားမှာပြထားတာက ကိုယ်ဖြတ်ထားတာမပြက်သေးတဲုနေရာတွေ ပြက်သားအောင်မြင်စေဖို့ အရောင်းပြောင်းကြည့်တာ ရွေးကြည့်နိုင်ပါတယ် (၂) မျှားနေရာလေးကချိန်ဖို့ အမှတ်လေးပေးထားရပါ့မယ် (၃)များကိုနိုက်ပြီး ကိုယ်ဖြတ်ထားတာမပြက်သေးတဲ့နေရာတွေ လိုက်ဖြတ်ပါ ကိုယ့်စိတ်ကြိုက်ချိန်ဖြတ်ပါ


(၃)ပြီးရင်(၁)မျှားပြထားသလို ပုံကိုကြည့်ပါ အနားတွေ စိတ်တိုင်းမကျရင် (၂) မျှားမှာပြထားတဲ့ နေရာမှာ ကိုယ်လိုသလို ချိန်နိုင်သေးပါတယ် ပြီးရင်တော့ ok ပေါ့ (၂)ပုံမှာ ပြထားသလိုပေါ်နေမှာပါ copy လုပ်ဖို့ ctrl+c တွဲနိုပ်ပါ ပြီးရင် နောက်ခံအပုံဘားကလစ်ပြီး ctrl+v လေးနိုပ်ပေးလိုက်ပါ


(၄)ကဲအောက်က ပထမပုံလေးလိုပေါ်လာမှာပါ အပုံကိုအကြီးအသေး နေရာချဖို့ ctrl+t တွဲနိုပ်ပါ ဘောင်ပုံလေးပေါ်လာရင် ထောင့်တစ်နေရာကနေ shift လေးနိုပ်ပြီး လိုချင်သလောက်ဆွဲလိုက်ပါ ပြီးရင် Enter ခေါက်လိုက်ပါ ပုံကိုမောက်ထောက့်ပြီးထားချင့်နေရာထားပါ ။ ဒုတိယပုံကတော့ နောက်ကိုယ်ထပ်ထည့်ချင်တဲ့ဒီဇိုင်းပါ file>open သွားပြီးကိုယ်လိုချင်တာထပ်ထည့်ပေါ့နော် ပြီးရင် ထပ်ထည့်မယ်ပုံစာမျတ်နှာမှာဘဲ ctrl+c လုပ် ပြီးရင်ကိုယ်ခုဏကလုပ်ထားတဲ့ပုံစာမျတ်နှာသွားပြီး ctrl+v လေးတွဲနိုပ်ပေးလိုက်ပါ


(၅)ကဲအောက်ကပုံလေးကိုင်းရာက်လာပြီ အပေါ်မှာပြခဲ့သလိုဘဲ ပုံကိုအကြီးချဲဖို့ ctrl+t လေးနိုပ်ပါ ဒီမှာတစ်ခုရှင်းပြပါ့မယ် shift နိုပ်ပြီး ထောင်ကဆွဲရတာလေးပါ လူပုံတွေမှာ shift မနိုပ်ဘဲ ဆွဲမရပါဘူးဘာလို့လဲဆို ပုံဆိုက်ပြတ်သွားဆိုးလို့ပါ ရိုးပုံတွေတော့ shift မနိုက်လဲရပါတယ် ကိုယ့်စိတ်ကြိုက်ထောင့်တွေကဆွဲလို့ရပါတယ် ကိုယ်လိုချင်တဲ့အနေထားရရင်တော့ Enter ခေါက်လိုက်ပေါ့
(၂)ပုံမှာပြထားသလို လိုက်ချင်သလောက်ရရင် လူပြောက်နေတာတွေံနေရမှာပါဘာကြောင့်လဲဆိုတော့ မီးပုံကနောက်ခံ အနတ်ရောင်ပေါ်နေလို့ပါ ဖြောက်ဖို့အတွက် LAYERS>normal မှာ screen ရှာပြီးပြောင်းပေးလိုက်ပါ ။


(၆) ကဲအောက်ကပုံမှာပြောက်သွားတာကိုတွေ့ရမှာပါ တစ်ခုတော့ရှင်းပြပါ့မယ်ဒီနေရာမှာ မီးရောင်နောက်ခံကအနတ်ရောင်ဖြစ်နေလို့ ပြောက်သွားတာပါ တခြားအရောင်ဖြစ်နေရင် မပြောက်ပါဘူး အပေါ်ဆုံပြထားခဲ့သလို အပုံတက်တက်ဖြတ်ပြီး ထည့်ပေးရမှာပါ အရောင်းလေးက ရင့်နေရင်တော့ ဝါးဝါးလေး ကိုယ်လိုချင်သလောက် ချိန်လို့ရပါတယ် opacity မှာ ပုံမှန် 100% ထားပါတယ် ကိုလိုချင်သလောက် အရောင် % ချိန်ပေးလိုက်ရုံပါဘဲ ကဲနားလည်လောက်ပါပြီနော် နားမလည်သေးရင်တော့ vdo ဖိုင်လေးကြည့်လိုက်ပါနော် သိမ်းထားချင်တော့ အောက်မှာ အလွယ်ဒေါင်းနိုင်ပါတယ် vdo နောက်ခံဒီဇိုင်း ၃ ပုံအပါအဝင် တင်ပေးထားပါတယ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..photoshow world မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
WINRAR- Password - kooo
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
WINRAR- Password - kooo
No comments:
Post a Comment